မမြင်နိုင်သောမျက်ရည်

ကိုယ့်ဘ၀ ကိုယ့်အကြောင်း
ကိုယ့်စိတ်ကိုယ်သာကိုယ်သိသမို့
ငါတယောက်ထဲ ကြိတ်ငိုနေတာကို
နင်လေသိမလား...

အရာအားလုံး မပြေလည်တာတွေ များတဲ့ငါ
အားပေးမယ့်သူ ဝေးလို့
ကံကြမ္မာကလဲ အခွင့်မပေးခဲ့ဘူး။

ဘ၀ဆိုတာ
ချိုတစ်ခါ ခါးတလှည့်
သိနေပေမယ့်လဲ
မာသလိုနဲ့ ပျော့နေတဲ့ငါ့စိတ်
ငါကိုယ့်ငါ အစိုးမရလို့
ဝမ်းနည်းမှုတွေကို ခါးစောင်းတင်ခါ
ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။

စိတ်ချမ်းသာ ပျော်စေချင်တဲ့ ငါ့ရင်ထဲကို
မာန်ရိုင်းတွေက ရစ်သီရစ်သီလုပ်တော့
စိတ်မစာမကြေ၊ မြင်သမျှ
ခါးသည်းလို့ အံတုခါ
ခ၀ါချနိုင်ပေမယ့်
ခုဆိုငါအားလုံးနဲ့ ဝေးရာမှာ........

ငါသိပ်ပျော်တယ်၊
ဟုတ်တယ်၊ ငါသိပ်ပျော်နေတယ်။
ဒါပေမယ့် မျက်ဝန်းမှာ
မမြင်နိုင်တဲ့ မျက်ရည်တွေနဲ့။


ခုတလော အလုပ်ကလဲ သိပ်အဆင်မပြေ၊ စိတ်ဓာတ် တွေကကျနဲ့ အရာအားလုံး အဆင်မပြေတာတွေ များနေတော့ကိုယ့်ကို အပေါင်းအသင်းတောင် လုပ်ချင်တဲ့ သူတောင် မရှိသလောက် ပါပဲလို့တောင် တစ်ခါတစ်ခါ အားငယ်တဲ့ အချိန်မှာ ခံစားရတယ်။ အဆင်မပြေ တာတွေကြောင့် အရာရာကို စိတ်အားငယ် ပေမယ့်လဲ ဘ၀ဆိုတာ ဒီလိုပါပဲလေ....နော်...လူတိုင်းမှာ အခက်အခဲ ဆိုတာတော့ ရှိကြစမြဲပါ။ ဒါတွေကို သင်ခန်းစာယူပြီး အထက်ကို တက်လှမ်းနိုင် ရမှာပေါ့လို့ ကိုယ့်ကိုကိုယ် အားပေးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အဖက်ဖက်က စိတ်ညစ်နေတဲ့မက်မက် အလုပ်အသစ်ကို ရှာခဲ့တာ အခုဆိုရင် ၈၀% အောင်မြင် သွားပါပြီ လို့ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်။ ပျော်ပါတယ်။


25 Comments:

Upasaka said...

ကျနော်လည်း တခါတလေ အရမ်းအားငယ်တတ်တာပါတယ် ဒါပေမဲ့ ကျနော့် မျက်ရည်က လူမြင်တယ်ဗျ။

ငြိမ်းချမ်းပါစေ

ဥပသကာ

အိုက်ခီလောက် said...

ဂျီးထော်မတ်ရယ် အားမငယ်ပါနဲ့ 
ဘဝဆိုတာ တောင်ဆင်းတောင်တက်သလိုလေးပါပဲ
တောင်အဆင်းချည်းဆိုလည်း ဘယ်ကောင်းမလည်းနော်
တောင်တက်လေးလည်း တက်လိုက်ရမှ ဒါမှ
တောင်လေးတက်လိုက် ဆင်းလိုက်နဲ့ ဘဝလေးက နေလို့ ကောင်းတာဗျ
အလုပ်သစ်မှာ အဆင်ပြေပါစေနော် ဂျီးထော်
အသက်ကြီးနေပြီ ကကျီကကြောင်မများနဲ့ တော့ အဟတ်
မိကျောင်းမင်းေ၇ခင်းပြတာမဟုတ်ဘူးနော်
သတိပေးတာလည်းဟုတ်ဘူးပြောပြတာ :D

thawzin said...

“အားမငယ်ပါနဲ့ လွမ်းရမှာကို စိုးပါနဲ့ကွယ်... ပန်းလှကညှာရယ် ညှိုးမှာစိုးတယ်...ငယ်ပေါင်းကြီးဘက် အပြုံးမပျက်စေချင်တယ်” တွံတွေးသိန်းတန်သိချင်းလေး ညည်းပေးလိုက်တယ်။ အလုပ်သစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ

မိုးခါး said...

ဒွင်းရေ
အားမငယ်ပါနဲ့
ဒီလိုပဲ ခံစားရတတ်တာပဲလေ နော်
သူငယ်ချင်းတွေ ရှိသားပဲ
ချစ်ချစ်ချစ်တဲ့မောင်လဲ ရှိတယ်လေ
း))

WWKM said...

ညီမလေးရေ..

အားမငယ်ပါနဲ့.
ကိုယ်ချင်းစာမိပါတယ်.
ဘယ်သူမဆို ကိုယ့်မြေ၊ကိုယ့်ရေ ၊ ကိုယ့်အိမ်မှာ ဗိုလ်လိုနေလာခဲ့ပြီး နိုင်ငံခြားရောက်မှ ဘ၀ကို သတ္တိရှိစွာနဲ့ ရုန်းကန်ကြရတာလေ..
အားမာန်တွေအပြည့်ထည့်ပြီး ကြိုးစားထားပါ ညီမငယ်.
တချိန်မှာ အောင်မြင်မှုတွေရဲ့ ရလာဒ်တွေ ခံစားရဦးမှာပါ။

စင်္ကာပူမှာ မြန်မာမောင်နှမတွေ အရမ်းများတာပဲကို တတ်နိုင်သလောက် အလုပ်အားရက်တွေမှာ တွေ့ဆုံနိုင်ကြအောင် ကြိုးစား ၊ သူများတွေ အလှူတွေဖိတ်ရင် ကြိုးစားပြီးသွား..မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောရတော့ စိတ်ပျော်ရွှင်ရတယ်လေ.

မမလည်း မရောက်တာကြပြီ.
အိမ်လည်မထွက်ဖြစ်နေတာ. ညီမလေးကို သတိရနေပါတယ်.မောင်နှမတွေအားလုံး ဘယ်သူ့ကိုမှ မမေ့ပါဘူး..အွန်လိုင်းမှာတွေ့ပေမယ့် နှုတ်မဆက်ဖြစ်တာ ညီမလေး မအားမှာစိုးလို့ပါ။

အဆင်ပြေပါစေ ညီမငယ်.

ချစ်ခင်စွာနဲ့

မမ၀ါ

flowerpoem said...

အားမငယ်ပါနဲ့ မက်မက်ရယ် အဆင်မပြေတဲ့ အချိန်ကျရင် အလိုလိုအားငယ်တတ်ပါတယ် နောက်တော့လည်း အထာကျလာမှာပါ
အဆင်ပြေပါစေ...

နွေဆူးလင်္ကာ said...

အရာအားလုံး မပြေလည်တိုင်းသာ မျက်ရည်ကျရမယ်ဆို ကျနော်ဟာ ပင်လယ်ဖြစ်နေပြီလေ ...

တေဇာ said...

;D

မြတ်မွန် said...

ပျော်ပျော်နေတတ်တဲ့ မက် ကစိတ်ညစ်တတ်နေပြီလား။ မက်ရည် အားတင်းထားနော်..အားလုံးကို ပျော်ပျော်လေးဘဲတွေးနော်..။ မက်ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။

ပိုးဟပ်လေး said...

သြော်......မက်မက်လည်း အဆင်မပြေဖြစ်နေတာကိုး
အင်း.........ဘာပဲဖြစ်ဖြစ် မက်မက် အလုပ်သစ်ရတာတောင် ကျွန်တော် နောက်ကျမှပဲ သိခွင့်ရတယ်
အလုပ်ဟောင်းအတွက်........စိတ်မကောင်းဖြစ်ရပါတယ်
အလုပ်သစ် (ပြောင်းပြန်မဖတ်ရ)အတွက်......ဝမ်းသာမိပါတယ်
မက်မက်တစ်ယောက်ပျော်ရွှင်နိုင်ပါစေ
အခုမှသိလို့ တစ်ခါတည်းပေါင်းပြောရတာ :D

အိမ် said...

ဘဝဆိုတာ အဲဒါပဲ။ နေဆိုတာ အမြဲမပူသလို လဆိုတာလဲ အမြဲမသာပါဘူး

YoungGun said...

ချိုတလှည့်..ခါးတလှည့် ချိုတဲ့အခါ ရယ်မယ် ခါးတဲ့အခါ..ငိုမယ်.။ ဒါ သဘာဝပါပဲဗျာ။ တလှည့်စီဆိုတော့ မဆိုးလှပါဘူး။ ပြန်မတ်လာမှာပါ။

kokomaung.uk said...

ဘာတွေစိတ်ညစ်နေတာလဲ မက်မက်။
အားတင်းထားမှပေါ့။

စိတ်မစာမကြေ လို့ ဖြစ်နေတယ်နော်။
အစာမကြေလို့ လုပ်ပါ။ ဟဲ ဟဲ။ ကြုံတုန်းလေး ၀င်နှောက်သွားတာ။

မမြင်နိုင်သောမျက်ရည်ကျခြင်းမှ ကင်းဝေးနိုင်ပါစေ။

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ညစ်နဲ့နော်မက်မက်
ပူးတေတို့ရှိတယ်လေ။
ငိုရဘူးနော်။
စိတ်ညစ်ရင်အိမ်လာလည်လေ။
နီးနီးလေးပဲဟာ
မုန့်တေါလုပ်စားပီး စကားတွေအများကြီး ထိုင်ပြောကြမယ်လေ။
ဒါဆို စိတ်ညစ်စရာတေါအလိုလိုပျောက်သွားမှာပေါ့။ ဟုတ်ဘူးလား။
အလုပ်သစ် 100% အောင်မြင်ပါစေနော်။
ပျော်ရွှင်ပါစေ။
ပူးတေ

pethein said...

အလစ်သုပ်.....အဲလေမှားလို့
အလုပ်သစ် မှာ အဆင်ပြေအောင်နေ
ကြားလား..

စိုင်းစိုင်းလားရှိုး said...

နေသာနေတုန်းမှာလည်း မိုးအုံ့တတ်တာ အစိုးမရတဲ့ ဘ၀မှာ နေတတ် ကျေနပ်နိုင်ပါစေ....

Black said...

ကဗျာလေးးအရမ်းကောင်းတာပဲ..
ကျနော့်ရင်ထဲမှာ ဖြစ်နေတာနဲ့ထပ်တူလိုပဲ။

တစ်ခါတစ်ခါဆို အရမ်းစိတ်ပျက်မိတယ်..။
ဒါပေမဲ့လည်း မလျှောက်ပဲ ရပ်နေလို.က မဖြစ်တဲ့အတူတူ အမြဲပြေးလွှားနေရတာ မောလှပြီလေ..။

တစ်ခါတစ်လေတော့ အရာအားလုံးကို မေ့ပြီးတော့ အိပ်လိုက်ချင်တယ်..။

မထတမ်းပေါ့..။

ဒီကဗျာလေးးအတွက် ကျေးဇူးအရမ်းတင်ပါတယ်..။

ye wint said...

sis mag mag yay..."THERE IS NO ACHIEVEMENT OF PERFECTION,BUT JUST AIM FOR IT" tel..Kyoe sar nay tha ywayt taugh ma shone thay par bu..lu tine pyaw shwin ya tal achane sheet tha lo sate nyit ya tal achane tway lal sheet tar pal...Pyaw ag tway tat phoe thar adi ka par naw..."Never give up"...mag mag wish u all the best..

ဦးကောဝိဒ(မြိတ်) said...

စလုံးမရေ....
ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့.....

ဘာဝမှာအဓိပ္ပါယ်ရှိတဲ့ပျော်ရွှင်မှုများစွာ ပိုင်ဆိုင် နိုင်ပါစေ...

ဘုန်းဘုန်း

win latt said...

သနားပါတယ်...
မငိုပါနဲ့...
တစ်ယောက်ထဲ ငိုနေရင် သူရဲခြောက်လိမ့်မယ်။

မငုံ said...

မက်မက်ရေ.. ကြိုးစားထား။ မငုံလဲ ကိုးရိုကားယားတွေနဲ့ ဘာတွေ ဖြစ်နေတယ်မသိဘူး။ အလုပ်အသစ်မှာ အဆင်ပြေပါစေနော့

နန်း said...

မျက်ရည်တွေလာသုတ်ပေးမယ်နော်

yamin said...

ပြုံးသူမှာ မျက်ရည်စတွေနဲ့.... လား...

မောင်ဘကြိုင် said...

အယ် သူမဟုတ်တဲ့အတိုင်းပဲ စိတ်ညစ်နေတာ
ပျော်ပျော်နေပါဗျာ
ဂလိုပါပဲ ကိုယ့်လို သူများတွေလည်းနေရတာပဲလေ
အားတင်းထားပါ အားပေးတယ်
အားကုန်ရင်တော့ ပျားအုံကိုတုတ်နဲ့ထိုး
သေချာတယ် ပျားတွေလိုက်ကိုက်မှား)း)
ပျော်ပါစေဗျာ

ကဗျာဦး said...

ခံစားသွားတယ် မက်ရယ်