
ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ပြည်တွင်းပြည်ပ သာသနာပြု ဖြူးဆရာတော် ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါ ဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိ နေပါသည်။
ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုး ခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင် ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှု ခံယူလျှက် ရှိပါတယ်။
ဆေးရုံတွင် အထူးကု ဆရာဝန်ကြီး များနှင့် ခေတ်မှီစက် ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက် ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီ ဖြစ်ပါသည်။
သို့ပါသောကြောင့် ဆရာတော် ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေး ဆေးအလှူ တော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လို ကြပါလျှင် အောက်ပါ ဖုန်းနံပါတ် များသို့  ဆက်သွယ်လှူဒါန်း နိုင်ကြပါကြောင်း ကုသိုလ် အကျိုးမျှော်၍ အသိပေး နှိုးဆော်ကြေညာ အပ်ပါသည်။
ထိုင်းနိုင်ငံ
ဦးစန္ဒောဘာသ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုန်းနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။
စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုန်းနံပါတ်- +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀
မြန်မာနိုင်ငံ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ် ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော် အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား)ရှင်.....
ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာ တော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်ခဲ့ မှုများကို အာရုံပြု ကြည်ညို နှလုံးသွင်း၍ အောက်ပါသတင်း စာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုဒ်များနှင့် အီးမေးလ်များ မှတဆင့် ထပ်ဆင့်ဖြန့် ဖြူးဝေမျှ ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ် ပါတယ်ရှင်...
လေးစားစွာဖြင့်
Dream
ဘာသာရေး ဆောင်းပါးများကို ရေးသားသော ဦးဝိမုတ္တိသုခ မှမေးလ်ပို့ ပေးလာတဲ့ ဆရာတော်ဧ။် ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဘလော့ဂ်ဂါ မောင်နှများမှလဲ မိမိတို့ တတ်နိုင်တဲ့ ဘက်မှနေ၍ သဒ္ဒါတရား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်း နိုင်ကြပါစေရန် တဆင့်ပြန်လည်ဖြန့်ဝေ သတင်းပေး လိုက်ပါတယ်ရှင်...
Read More...
Collapse...

ယနေ့တိုးတက် လာနေတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အရေးအပါဆုံး ဆက်သွယ်မှု အလွယ်ကူ ဆုံးကတော့ မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ နီးနီးဝေးဝေး ဆက်သွယ်ရေး အတွက် မရှိမဖြစ်က မိုဘိုင်းဖုန်း မဟုတ်ပါလားနော်။ အဲဒီလို အသုံးပြုဖို့ အတွက် ကိုယ့်ဝယ်ထားတဲ့ Mobile Handset ဟာ မူရင်းစက်ရုံထုတ် ပစ္စည်းအစစ်အမှန် ဖြစ်ရဲ့လား? အရည်အသွေးရော ကောင်းရဲ့လား ဆိုတာကို သိဖို့ လိုအပ်လာ ပါပြီနော်။ ကဲ..ဒါဆိုရင် ဘယ်လိုစစ်ဆေးမှာလဲ ဒါကလွယ်ပါတယ် ။ ကိုယ်ဝယ်ထားတဲ့ Mobile handset ကွာလ်တီမှန်ရဲ့ လားဆိုတာ ဒီလိုအချက် လေးတွေနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။ ကဲ....မိတ်ဆွေ သင်လည်း အခုချိန်မှာ သင့်မိုဘိုင်းဖုန်း ကိုထုတ်ပြီး စမ်းလုပ်ကြည့် လိုက်ပါလား။
*#06# ဆိုတာကို နှိတ်ပြီးခေါ်ကြည့်လိုက်ပါ။ သင့်မိုဘိုင်းရဲ့ မျက်နှာပြင်မှာ ကဏန်း၁၅လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ၇လုံးမြောက်နဲ့ ၈လုံးမြောက် ကဏန်းကို စစ်ဆေးကြည့် လိုက်ရုံပါပဲ။
( Eg. ****** 7th 8th ******* )
၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 02သို့မဟုတ် 20ဆိုရင် သင့်မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေး ဧရိယာမှာ အသုံးပြုရတာ အလွန်ကို ညံ့တဲ့ အရေသွေး ဖြစ်ပါတယ်။
အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 08 သို့မဟုတ် 80 ဆိုရင် ဂျာမဏီနိုင်ငံ ကထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အသင့်အတင့် ရှိပါတယ်။
အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 01 သို့မဟုတ် 10 ဆိုရင် ဖင်လန်နိုင်ငံက ထုတ်လုတ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ ကောင်းမွန်တဲ့ အရေအသွေး ပဲဖြစ်ပါတယ်။
အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 00 ဆိုရင် တော့ မူရင်းမိုဘိုင်းဖုန်းရဲ့ ပင်မစက်ရုံရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အကောင်းဆုံး အရေသွေးရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။
အကယ်၍ သင့်မိုဘုန်းရဲ့ ၇လုံးမြှောက်နဲ့ ၈လုံးမြောက်ဟာ 13 ဖြစ်နေတယ်ဆိုရင် အဇာဘိုင်ဂျန် လိုနိုင်ငံမျိုးရဲ့
ဆက်သွယ်ရေး တပ်ဆင်မှု မှာဆိုရင် သင့်ရဲ့မိုဘိုင်းဖုန်းဟာ အင်မတန် ညံ့ဖျင်းတဲ့ အရေအသွေးဖြစ်ပြီး အသုံးပြု တဲ့အခါမှာ သင့်ရဲ့ ကျန်းမာရေး အန္တာရယ်လည်း ကျရောက်နိုင်ပါတယ်။
သင်မသိသေးတဲ့ သင့်ရဲ့မိုဘိုင်းဖုန်း လုပ်ဆောင်ချက်ကတော့
စိုးရိမ်ဖွယ်ရာ အန္တာရယ်နဲ့ ကြုံကြိုက်တဲ့ အခါ မိုဘိုင်းဖုန်းတွေမှာ မိနစ်အနည်းငယ်အတွင်း ဘေးအန္တရယ်မှ လွတ်မြောက်စေဖို့ ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ် ခလုတ်တွေ ရှိပါတယ်။
အရေးပေါ်နဲ့ ကြုံကြိုက်တဲ့အခါ
ကမ္ဘာတ၀န်း ကမ္ဘာ့သုံး အရေးပေါ်နံပါတ်ဖြစ်တဲ့ 112 ကို နှိတ်ခေါ်လိုက်ပါ။ သင်နဲ့ အနီးစပ်ဆုံး အသံလွှင့် ကွန်ရက်ရဲ့ အရေးပေါ် နံပါတ်ကို အလိုအလျှောက် ဆက်သွယ် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကဲ..ခေါ်ဆိုမယ်ဆိုရင် ဖုန်းကီးပတ်ဒ်တွေ ဘယ်လိုပဲ လော့ခ်ချထားတာတောင် နှိတ်ခေါ်လို့ရပါတယ်။ ဒါကြောင့် အရေးပေါ်နဲ့ ကြုံကြိုက်နေရင် အကူအညီ ရရှိအောင် 112 ဆိုတဲ့ ဂဏန်းသုံးလုံးကိုတော့ မှတ်မိဖို့တော့ လိုတာပေါ့နော် မိတ်ဆွေ။
အရန်ဓာတ်ခဲသိုမှီးထားပေးခြင်း
တစ်ခါတစ်ခါ တိုက်ဆိုင်မှုတွေကြောင့် ဖုန်းဓာတ်အားနည်းသွားတဲ့အခါမျိုးနဲ့ ကြုံဖူးကြမှာပါနော်။ တနေကုန် ဖုန်းအပြောများခြင်းကြောင့် ဖုန်းဓာတ်ခဲ မရှိတဲ့ အခါနဲ့ ကြုံကြိုက်ရင် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ် ။အဲဒီလို တိုက်ဆိုင်တဲ့ အမှတ်မထင်တဲ့ နေ့ရက်မှာ အကြောင်းတစ် ခုခုကြောင့် ဓာတ်ခဲအား ကုန်သွားရင် ပဲဖြစ်ဖြစ်၊ ဓာတ်ခဲအား ပြန်သွင်းဖို့ အဆင်မပြေ ခဲ့ရင်ပဲ ဖြစ်ဖြစ် တကယ်အရေးနဲ့ ကြုံကြိုက်ရင် အသုံးပြုဖို့ Nokia ဟန်းဖုန်းတွေမှာ သီးသန့်အရန်အဖြစ် သိမ်းထားတဲ့ ဓာတ်ခဲအား ရှိပါတယ်။ ဒါကို အသုံးပြုချင်ရင်တော့ *3370# ကိုနှိတ်လိုက်ပါ။ ဖုန်းအော်တိုရီစတပ် ဖြစ်သွားပြီး ဘတ်ထရီ ၅၀% တိုးလာတာကို တွေ့ရပါလိမ့်မယ်။ ကဲ...ဒါဆို သင်ဘတ်ထရီ ကုန်သွားလို့ အရေးကြီး ဖုန်းခေါ်ဆို လက်ခံတဲ့အခါ စိတ်ပျက်စရာ မလိုတော့ဘူးပေါ့ ။
မိုဘိုင်ဖုန်း ခိုးယူခံရခြင်းမှ ဘယ်လိုကာကွယ်မလဲ
ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ *#06# ဆိုတာကို နှိတ်ကြည့်ပြီး ပေါ်လာတဲ့ ဖုန်းစီရီယယ် နံပါတ် 15 လုံးကို မှတ်သားသိမ်းထား ရမှာပေါ့။ အကယ်၍ သင့်ဖုန်း ပျောက်ဆုံးတာ ပဲဖြစ်ဖြစ် ခိုးယူခံ ရတာပဲဖြစ်ဖြစ် ကြုံခဲ့ရင် သင်မှတ်သား သိမ်းဆည်းထားတဲ့ သင့်ဖုန်းရဲ့ စီရီယယ် နံပါတ် ၁၅ လုံးကို ဖုန်းဆိုင်က နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင် ကိုပေးပြီး သင်hand set ကိုသုံးလို့ မရအောင် ပိတ်ပင်တား ဆီးခိုင်းလိုက်ပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ခိုးယူသူဟာ သင့်ဖုန်းကဒ်ကိုပဲ ယူလို့ ရပေမယ့် သင့်ဖုန်းကို မည်သို့မျှ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။
(ဤသို့လုပ် ဆောင်ခြင်းက သင့်ဖုန်းကို ပြန်လည် ရရှိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ သူခိုးကလဲ ဘယ်လိုမှ အသုံးပြုလို့ မရပါဘူး၊ အဟောင်းဆိုင်မှာ ပြန်သွင်းရောင်း ချလို့လဲ မရပါဘူး။ အကယ်၍ လူတိုင်းသာ မိမိတို့ရဲ့ မိုဘိုင်းဖုန်း ပင်နံပါတ်ကို မှတ်သားမှု ပြုလုပ်ထားပြီး ပျောက်ဆုံးသွား တဲ့အခါ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မိုဘိုင်းဖုန်း ခိုးယူခံ ရခြင်းမှ ကာကွယ်နိုင်ပါတယ် ။ ကဲ....မိတ်ဆွေ ဘယ်လိုလဲ.... ပျော်သွားလား...)
ဒီနည်းလမ်းများကို သိသူတွေ ရှိပါတယ်။ သို့ပေမယ့် မသိသေးသော သူများအတွက် ရည်ညွှန်း ရေးသားပါတယ်။ သိပြီးသူများ အတွက်ကတော့ ဆောရီးပါ.. မသိသေးသူများ အတွက်ကိုတော့ ဗျောတီးပါ။အဲ..ဟုတ်ပေါင်...မှားကုန်ပြီ...အာဝါးးးးးးးးးပါ.....လို့....နော်........... ဟိ..ဟိ.. :P
Read More...
Collapse...
1. What is your name – Dream
2. A four letter word – Dawn
3. A boy’s name – DaVinci ("Mona Lisa" [1503-1506] by Leonard da Vinci.) ;-P
4. A girl’s name – Demi Moore (Sister of Demi mag mag ) :P
5. An occupation –Director General of Dream Creator Co., :P
6. A color - Dustry Rose
7. Something you’ll wear – Diamond ,Dress , Denim Jeans
8. A food – Dumpling (Dim sim , Dim sam )
9. Something found in the bathroom – Dove shower cream
10. A place – Dream World
11. A reason for being late –Dreaming
12. Something you’d shout – Dangerrrrrrrrrrrrrrrrrrrr
13. A movie title – Dead Or Alive (Nice Episode) ဟဲဟဲ....ကဲ..ရွေးနော်...
14. Something you drink –Drum Cocktail (ဒကာခံတိုက်ချင်ရင် စိတ်မဆိုးပါ...အဟား)
15. A musical group – Diamond Rio (နားထောင်ကြည့်နော်.....အဲဒီဂရုက အဆိုတော် တွေအကုန် အသံကောင်းတယ်..)
16. An animal – Dragon (တခါတခါ နဂါးမှန်း သိအောင် အမောက်ထောင်ချင်လို့ :P)
17. A road name – Dover (Singapore) (ကိုဘိုကြီး နေတာလေ..ဘယ်ရမလဲ D နဲ့စတာဆိုတော့ သူ့နေတဲ့ နေရာပဲ ထည့်လိုက်တာပေါ့
18. A type of car – Daewoo
19. The title of the song – Deep in my Heart { Britney Mag Mag တော့မဟုတ်ဘူးနော်..အဟီးးး Britney Spears ပါ}
20. A verb – DO THE BEST (ဘယ်အရာမဆို အကောင်းဆုံး လုပ်ဆောင်ရင် အကောင်းဆုံး အကျိုးရလာဒ်ကို ခံစားရ မှာပါနော့်)
တီတီဒွင်းက ဖြေပြီးသွားပြီ ဆိုတော့ အောက်မှာ မက်မက်လေးရဲ့ အဖြေကို ဆက်လက်အားပေး လိုက်ပါဦးနော်....
1. What is your name – မက်မက်
2. A four letter word – မပြောပြဘူး
3. A boy’s name – မိုးအောင်ရင်
4. A girl’s name – မိုနာလီဇာမက်မက် :P (ဟောလီဝုဒ်က မင်းသမီး အချောအလှလေး ... ခစ်ခစ်):P
5. An occupation – မာကပ်တင်း (marketing)
6. A color – မရမ်းရောင်(တကယ်ကြိုက်တာက ခရမ်းရောင်ပေါ့.. မနဲ့စပြီး ခရမ်းနဲ့ နီးစပ်တဲ့ အရောင်ကိုရွေးလိုက်တာ)
7. Something you’ll wear – မြန်မာဆန်ဆန်အကျီ င်္(မထင်... :P)
8. A food – မုန့်လုံးရေပေါ်
9. Something found in the bathroom – မှန်
10. A place – မန္တလေး, မြန်မာ
11. A reason for being late – မသိဘူးလေ
12. Something you’d shout - မိုက်ရိုင်းလိုက်တာကွာ...
13. A movie title – မိုးလောက်ကြီး ချစ်တယ်( သရုပ်ဆောင်က မို့မို့မက်မက် ) :P
14. Something you drink – မန်ကျီးဖျော်ရည် (ကျန်းမာရေးနဲ့ညီတယ်နော်.. ဟိဟိ )
15. A musical group – မိုက်ကယ်လ်ဂျက်ဆင်(Michael Jackson) ခုတော့လဲလေ..ပုံပြင်ထဲမှာ ချန်ထားရက်သူရေ.. အဟား...လွမ်းလို့ :P
16. An animal – မျောက်(ကိုဘိုကြီး အခေါ် စိန်မျောက်မျောက်ဆိုတဲ့ မောင်ချစ်တဲ့ချစ်ချစ် ၊ချစ်ချစ်ချစ် တဲ့မောင် ဖိုးစိန် မဟုတ်ဘူးနော်... :P)
17. A street name – မင်းလမ်း(ငါ့လမ်းမဟုတ်လို့ :P)
18. A type of car – မတ်ခ်တူး (သရုပ်ဆောင်မတူးနဲ့တော့ မမှားနဲ့နော်)
19. The title of the song – မုန်းမုန်းမေ့မေ့ (မုန်းမေ့ပါဘူးနော်..)
20. A verb – မုန်းတယ် မုန်းတယ်....အမြှောက်တစ်သိန်း...သွား..လူဆိုး.. ခစ်ခစ် :P
ကိုဘိုကြီးခေါ် ကိုမိုးခိုသားလည်း ဒီလောက်နဲ့ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်။ တက်ဂ်တဲ့ အတွက်လဲ ကျေးဇူးပါ။ ညီမပန်းရင့်ရဲ့ တက်ဂ်ကိုတော့ အချိန်နဲနဲ ပေးပါဦးနော်။ မကြာမီ လာမည် မျှော်...ဒန်တန်းတန်.... :P

Read More...
Collapse...